သိပ်ဆိုးတဲ့ မောင်
ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခုတစ် ကောင်ကြွက်ဖြစ်နေပြီ။ ငယ်ငယ်ကတည်းကအမေဆုံးတယ်။ ကျောင်းပြီးတော့အဖေဆုံးပါးသွားပြန်တယ်။ လူ့လောကအလယ်မှာတစ်ယောက်တည်းကျန်နေတယ်။ ပျင်းရိစရာအရမ်းကောင်းတယ်။ ဒါတောင်မှအဖေကနေစ ရာအခန်းလေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။ တကယ်တမ်း တစ်ယောက်တည်းသမားဆိုတာကအကွပ်မရှိတဲ့ကြမ်း ပရမ်းဗတာလို့ပြောပေမယ့်ကျနော်အဲဒီလိုမနေခဲ့ဘူး။ ဘာလို့မနေတာလဲမေးရင်ကျနော်မိမဆုံးမဖမဆုံးမလို့အပြောမခံနိုင်တာ။ တကယ်စဉ်းစားကြည့်ရင်မိဘမရှိတော့တဲ့ကျနော်ကိုအဲဒီလိုပြောရင်မှန်နေတာလေ။ ဆုံးမပေးမယ့်မိဘမှမရှိတော့တာ။ ကျနော်သာဆိုးသွမ်းနေရင်ကျနော့်ဘဝကအချုပ်ထဲရောက်ရင်လည်းလာထုတ်ပေးမယ့်သူကမရှိဘူးလေ။ အခုတော့ကျနော်လေတမလွန်ဘဝရောက်နေတဲ့မိဘတွေ စိတ်မပူစေရဖို့ဘဝကိုရိုးရိုးသားသားကြိုးစား ပြီးရပ်တည်တယ်။ အဖေအမေတို့ဆုံးမခဲ့တဲ့ ရိုးသားမှု့ဂုဏ်ကတသက်စားမကုန်ဆိုတာကို လက်တွေ့ကြုံရတော့တယ်။ […]